Monday, May 23, 2022

စစ်တုရင် ၄

အကျအဆုံး နည်းနည်းနဲ့ ှ အရှုံး

အကျအဆုံး များများနဲ့ အနိုင်
ဒီနှစ်မျိုး မှာ ဘယ်ဟာ ပိုကောင်းလဲ 
ဆုံးဖြတ်ရခက်တယ်

အကျအဆုံး လုံးဝမရှိပဲ
အနိုင်ရအာင် ကစားဖို့ မဖြစ်နိုင်လို့လည်း
စစ်တုရင် လို့ ခေါ်တွင်ရ 
ဘဝတုရင်လည်း ထိုနည်းနှင်နှင်

ဘုတ်ပြင်မှာဖြစ်ဖြစ်
မြေပြင်မှာ ဖြစ်ဖြစ်
အရင်းအနှီး ဆိုတာ
တချို့တလေစတေးခြင်းကို
စကားလှအောင်ခေါ်ရတဲ့ နာမည်တစ်ခုသာ

ချိုကိုဘို

Heal the World & We are the World

၁၉၉၁ မှာ

မိုက်ကယ်ဂျက်ဆင်က
"ကမ္ဘာကြီးကိုကုစားပါ" လို့ ပြောတယ်
ကျွန်တော်က တုံးတယ် သိပ်နားမရှင်းဘူး
ကမ္ဘာက ဘာရောဂါဖြစ်နေလို့လဲ
ဘယ်လိုကုရမလဲပေါ့
သမိုင်းကိုပြန်လှန်ကြည့်တဲ့အခါ
၁၉၈၅မှာ သူနဲ့ လိုင်ယွန်နယ်ရစ်ချီ ပေါင်းမိပြီး
" ငါတို့ဟာကမ္ဘာ " လို့ ပြောထားကြတာ တွေ့တယ်

သင်္ချာ သမားပီပီ ဒီလို တွက်ကြည့်တယ်
ပေးချက် ၁ > ငါတို့ဟာကမ္ဘာ
ပေးချက် ၂ > ကမ္ဘာကြီးကိုကုစားပါ
ထိုကြောင့် .... အဖြေက__
"ငါတို့ကို ကုစားပါ "

အဲသည်မှာ ပိုရှုပ်သွားတယ်
" ငါတို့က ကုမရလို့ကို ငါတို့ ဖြစ်နေတာ မိုက်ကယ်ရေ "

ချိုကိုဘို

Heal the World & We are the World
"""""""""""""""""""""""""""""""""""""""""""""""""""""""""

၁၉၉၁ မှာ
မိုက်ကယ်ဂျက်ဆင်က
"ကမ္ဘာကြီးကိုကုစားပါ" လို့ ပြောတယ်
ကျွန်တော်က တုံးတယ် သိပ်နားမရှင်းဘူး
ကမ္ဘာက ဘာရောဂါဖြစ်နေလို့လဲ
ဘယ်လိုကုရမလဲပေါ့
သမိုင်းကိုပြန်လှန်ကြည့်တဲ့အခါ
၁၉၈၅မှာ သူနဲ့ လိုင်ယွန်နယ်ရစ်ချီ ပေါင်းမိပြီး
" ငါတို့ဟာကမ္ဘာ " လို့ ပြောထားကြတာ တွေ့တယ်

သင်္ချာ သမားပီပီ ဒီလို တွက်ကြည့်တယ်
ပေးချက် ၁ > ငါတို့ဟာကမ္ဘာ
ပေးချက် ၂ > ကမ္ဘာကြီးကိုကုစားပါ
ထိုကြောင့် .... အဖြေက__
"ငါတို့ကို ကုစားပါ "

အဲသည်မှာ ပိုရှုပ်သွားတယ်
" ငါတို့က ကုမရလို့ကို ငါတို့ ဖြစ်နေတာ မိုက်ကယ်ရေ "

ချိုကိုဘို

မီးငယ်ရင်သွေး နာဘိသေးလော့

ချစ်တဲ့ သမီးငယ်....

အိပ်မက်က အစစ်နဲ့အယောင်မကွဲဘူး
ဖြစ်ရပ်တွေသာ အစစ်အယောင်ကွဲတာ
ဒါကြောင့် အိပ်မက်ကို ရဲရဲမက်ပါ

သမီးရေ....
လမ်းနဲ့ ခြေလှမ်းမှာ
နှစ်ခုလုံး မှန်နိုင်ရင် အကောင်းဆုံးပေါ့
တခါတလေမှာ
မလွဲမရှောင်သာ
တခုခု အမှားခံဖို့ လိုအပ်လာခဲ့ရင်
ခြေလှမ်းအမှန်ကိုသာ ထိန်းထား
လမ်းမှန်က သမီးခြေထောက်အောက်
အလိုအလျောက် ရောက်လာပါလိမ့်မယ်
အပြုအမူနဲ့ ရလာဒ်ဟာ
နှစ်ခုလုံး အရေးပါတဲ့ အရာတွေ
တခုခုကို အာရုံစိုက်ရမယ်ဆိုရင်
အပြုအမူကို အာရုံစိုက်ပါ
အကြောင်း နဲ့ အကျိုးမှာ
အကြောင်းကသာ ပိုပြီး အခရာ ကျသပေါ့

သမီးငယ်ရေ....
သက်တောင့်သက်သာဖြစ်မှုကို မခုံမင်လေနဲ့
၁၆ပဲရည်ဆိုတာ မြင့်တယ်ထင်ရပေမယ့် ပျော့ဖတ်လွန်းတယ်
သမီးရဲ့လက်မှာ
အသားမာမရှိပဲ ဂီတသံစဥ် လှလှလေးတွေ
သမီးရဲ့ ဂစ်တာက ထုတ်ပေးမှာ မဟုတ်ဘူးကွဲ့

စာအုပ်တွေကို ချစ်ပါ
သီချင်းတွေကို ချစ်ပါ
ဒါတွေက သမီးရဲ့ နှလုံးသွေးကို
နရီကိုက် စီးဆင်းစေမဲ့ အရာ

သမီးလည်း သိတဲ့အတိုင်း
တေးသွားတစ်ခုရဲ့ အသက်ဟာ စည်းချက်
ဘဝဆိုတာကိုလည်း
စည်းချက်နဲ့အညီ စီးဆင်းစေရတယ်
ဒီနေရာမှာ သမီးလိုက်နာရမယ့် စည်းချက်က
သမီးရဲ့ နှလုံးခုန်သံပေါ့
ဒါကြောင့် နှလုံးသားကို နားစွင့်ပါကွယ်

သမီးဘဝမှာ
ကွက်လပ်တွေ အများကြီး ကြုံလာရလိမ့်မယ်
မှတ်ထားပါ
အဲဒီ ကွက်လပ်တိုင်းကို လိုက်ဖြည့်စရာမလို
တချို့ကွက်လပ်တွေက
လပ်သင့်လို့ကို လပ်နေတာ
လပ်နေခြင်းကိုက သူ့ရဲ့အလှ
နေရာလပ်မရှိ ကြယ်တွေနဲ့ ပြွတ်သိပ်နေတဲ့
ကောင်းကင်တစ်ခုကို မြင်ယောင်ကြည့်ပါ
အဖတ်ဆယ် မရအောင် ပျက်စီးသွားမဲ့ ညဖြစ်အင်
တကယ်လို့ တြံဂံပုံ ကွက်လပ်တစ်ခုကို
စက်ဝိုင်းနဲ့ ဖြည့်မိတယ် ဆိုပါစို့
ကွက်လပ်ကို ဖျက်ဆီးသလိုသာ ဖြစ််သွားမှာပေါ့

အရာဝတ္တုတွေကို သေချာစေ့ငုဖို့အတွက်
လိုအပ်လာရင် ဘောင်ကွပ်ပြီး ကြည့်နိုင်တယ်
ဒါပေမယ့် အဲဒီဘောင် အမြဲတမ်း အရှင်သာ ဖြစ်ပါစေ
နို့မိုဆို သမီးကိုယ်တိုင် ပိတ်မိသွားနိုင်တဲ့ အန္တရယ်ရှိတယ်
မိမိဟာ တစုံတရာထဲ ပိတ်မိနေတာ ဆိုးတယ်
လွတ်မြောက်မှုကို ဆုံးရှုံးရတယ်
နောက်တခါ
တစုံတရာက မိမိအထဲ ပိတ်မိနေတာ ပိုဆိုးပြန်ရော့

ချစ်တဲ့ သမီးငယ်
မြင့်နိုင်သလောက် မြင့်မြင့်ပျံဖို့ကို
ဖေဖေ အားမပေးဘူးကွယ်
လေထုပါးမယ်
မြေပြင်ကို ရှင်းလင်းစွာ ကြည့်မမြင်ရ ဖြစ်မယ် ဒါထက်မပို
ဘယ်လောက် အဖိုးတန်တဲ့ သရဖူကြီးဆောင်းထားပါစေ
ဘယ်ရှင်ဘုရင်ကမှ
ပြည်သူ မရှိပဲ မင်းလုပ်မရသလိုပဲ
ဒါကြောင့် ဖေဖေ အကြံပေးချင်တာက
အဆုံးအစမဲ့ ကျယ်ပြန့်တဲ့ လောကကောင်းကင်မှာ
သင့်တင့်တဲ့အမြင့်ကနေ
ဝေးနိုင်သလောက် ဝေးဝေး
ဖြန့်ကျက်ပျံသန်းပါ
ပင်လယ်တွေ တောင်ကုန်းတောင်တန်းတွေ
လွင်ပြန့်တွေ လယ်ကွင်းတွေ
သဲကန္တာရတွေ ဆိုင်းညို့တောအုပ်တွေ
ဖုန်းဆိုးမြေတွေ စားကျက်မြေတွေ
အစုံအလင် မြင်တွေ့ခွင့် ရမယ်
ကျယ်ကျယ်မြင်မှလည်း အမြင်ကျယ်တယ်

သမီးဘဝမှာ
အထီးကျန်တယ်လို့ ခံစားမိတဲ့
အခိုက်အတန့်တွေလည်း ရှိလာနိုင်တယ်
အဲသည်အခါမျိုးမှာ ဒီစကားတွေကို သတိရပါ
အထီးကျန်မှုကို ကုသတဲ့ ဆေးဝါးတွေမှာ
လွတ်လပ်မှုပုံယွင်းခြင်း ဘေးထွက်ဆိုးကျိုး ရှိတယ်
အကြိမ်တိုင်း သုံးစွဲဖို့ မသင့်
အထီးကျန်မှုကိုယ်တိုင်က အထီးကျန်နေတာရှိရဲ့
ရင့်ကျက်တည်ငြိမ်တဲ့
အိန္ဒြေနဲ့. လက်ခံထွေးပိုက်နိုင်ရင်
ဒါကမှ
အမြူတေမြောက်တဲ့ ဆေးတစ်ခွက်ပဲ သမီး

လောက နှစ်မျိုးရှိတယ်
ကိုယ်မရှိလည်း ဖြစ်တဲ့လောက
တစ်နည်း အပြင်လောက
ကိုယ်ရှိမှ ဖြစ်မဲ့လောက
တစ်နည်း အတွင်းလောက

လောကကို
သာမန်မျက်စိနဲ့ ကြည့်တဲ့အခါ
အရာအားလုံးကို
တပြ်ုင်တည့်း ဖိုးကပ်စ် ပြတ်မှာမဟုတ်ဘူး
ကြည်လင်တဲ့ နှလုံးသားနဲ့ ကြည့်တဲ့အခါ
လှိုင်းအလျားဟာ အနီးအဝေးကို ပမာမထားပဲ
အမြဲတမ်း ကိန်းသေ ဖြစ်သွားတော့တာ

သမီးရေ
ချစ်ခြင်း မုန်းခြင်းအကြောင်းကိုလည်း
ဖေဖေ သင်ပေးခဲ့မယ်
အရမ်းချစ်သူကို
မချစ်ဘူးလို့ ပြောထွက်နိုင်တဲ့အထိ
ချစ်ရဲပါစေ
အရမ်းမုန်းသူကို ချစ်တယ်လို့ ပြောထွက်နိုင်တဲ့အထိ
မုန်းရဲပါစေ
ဒီတရားနှစ်ခုဟာ
ဘဝတစ်ကွေ့မှာ
သေချာပေါက် ကြုံဆုံလာရမယ့် အရာတွေ
အများကြီးတော့ မပြောလိုဘူး
ချစ်ခြင်းဖြစ်ဖြစ် မုန်းခြင်းဖြစ်ဖြစ်
ခံစားဖူးတာ ကောင်းတယ်
ရဲရဲ နဲ့ တင်းတင်းသာဆုပ်ကိုင်ပါ
သမီးလက်ကို ကိုက်စပြုရင်
တစ် နှစ် သုံး လေး ငါးအထိရေပြီး
ရဲရဲ လွှတ်ချလိုက်ပါ

လောကသားတစ်ဦးအနေနဲ့
လောကအတွက်
တစ်ခုခု လုပ်ပေးခဲ့ဖူးပါစေ
လူသားအားလုံးဟာ
ဗီဇအားဖြင့်ကိုက
အတ္တမျိုးနွယ်စုဝင်တွေချည်းသာ
အတ္တကို စွန့်ရမယ်ဆိုပြီး
ကြီးကြီးကျယ်ကျယ်တွေ မပြောလို
လုပ်ရမှာက အတ္တကို လှအောင်ထားရင် လုံလောက်တယ်
လက်နိုင်ခြေနိုင်လေးပေါ့
ကမ္ဘာကြီးဆီက အများကြီး လက်ခံရရှိထားတာပဲ
တစ်ခု နှစ်ခု လေး ငါး ဆယ် ခု ပြန်ပေးလိုက်လို့
အကျိုးမဲ့စရာ မရှိပါဘူး

ဖေ့သမီးငယ်
ဖေဖေ့ကို တွယ်ပါ
ဒါပေမယ့် .မမှီပါနဲ့
မှီတွယ်ရာကို ခွန်အားအဖြစ်
မှတ်ယူချင် ယူနိုင်သေးသပ
ဒါပေမယ့်
ခွန်အားဆိုတာ မှီတွယ်ရာလို့တော့
တထစ်ချ မမှတ်ယူမိစေနဲ့
အမှီဆိုတာ အားပျော့သူအတွက် မိတ်ဆွေ ဟုတ်သလို
အားပျော့ကြောင်း ပြယုဂ်လည်း ဟုတ်နေပြန်ရော့
ဖေဖေဟာ သမီးရဲ့အမှီ မဖြစ်လို
အတွယ်သာ ဖြစ်လိုတယ်
ဒါဟာ
သမီးအပေါ်ထားတဲ့
ဖေဖေ့ အချစ်ရဲ့ အနှစ်ပဲ

ချစ်တဲ့ သမီးငယ်
ဒီကဗျာဟာ သမီးအတွက်
နည်းဥပဒေသာ ဖြစ်ပါစေ
စည်းဥပဒေ မဖြစ်ပါစေနဲ့
ခွန်အားသာ ဖြစ်ပါစေ
ဝန်အား မဖြစ်ပါစေနဲ့
လမ်းပြကြယ်သာ ဖြစ်ပါစေ
လမ်းပိတ်ကြယ် မဖြစ်ပါစေနဲ့
အချက်အလက်သာ ဖြစ်ပါစေ
အချုပ်အနှောင် မဖြစ်ပါစေနဲ့ ။ ။

သမီးရဲ့ ဖေဖေ

ချိုကိုဘို

မီးငယ်ရင်သွေး နာဘိသေးလော့
~~~~~~~~~~~~~~~~~~~~

အိမ်လွမ်းနာ

ကိုယ့်ရှေ့မှာရှိတဲ့ ရှုကွင်းတွေဟာ

မြင်ကွင်းအဖြစ်ကို ရောက်မလာခဲ့ကြ
အနားမှာ ကပ်ပြီး စီးဆင်းနေတဲ့
တိမ်လှိုင်းသံတွေကလည်း
အကြားအာရုံ အဖြစ်ကိို ရောက်မလာခဲ့ကြ
မြင်သိစိတ် ကြားသိစိတ် သွေးဆုံးနေသလို

နေ့တွေညတွေဟာ
သူ့တို့ရှေ့က အကောင်ရဲ့ အမြီးကို ကိုက်ပြီး
စီတန်းလှည့်လည်နေကြတယ်
သူတို့ ဘာပွဲသဘင်တွေ
ဆင်ယင်နေကြပါလိမ့် စေ့ငုဖို့ သတိမရ
ရာသီတွေ
တစ်ကောင်ပြီး တစ်ကောင်
ဖြတ်သန်းပြေးလွားသွားကြတယ်
ကိုယ်ကို ဝင်တိုက်သွားသလား ဘာလား
အမှတ်တမဲ့သာ
စိတ်ဟာ တစ်နေရာတည်းမှာသာ
ခိုတည်းနေလျက်သား
အဲဒီနေရာက " အိမ် "

လွမ်းတယ်
မိုးကုပ်စက်ဝိုင်းရဲ့ ဟိုဘက်က
မရောက်ဖူးတဲ့ အိမ်ကို လွမ်းတယ်
အဲဒီအိမ်မှာ
ပြူတင်းပေါက်တွေကို
အရုဏ်ဦးနဲ့ ဘောင်ကွပ်ထားပြီး
အဝင်အတွက် တံခါးကို
ဆည်းဆာနဲ့ ဘောငိကွပ်ထားတယ်

စကားလုံးတွေနဲ့ ဆောက်ထားတဲ့ အိမ်
ဒါပေမယ့် အဲဒီစကားလုံးတွေမှာ
အက္ခရာတွေ မပါဘူး
ဂီတကို
စိပ်တလှည့် ကျဲတလှည့် စီပြီးမိုးထားတဲ့ အိမ်
ဒါပေမယ့် အဲဒီဂီတမှာ အသံမပါဘူး
ပန်းချီကားတွေ  ကာထားတဲ့အိမ်
ဒါပေမယ့် အဲဒီပန်ချီတွေမှာ
အရောင်မပါဘူး
အိမ်ရှေ့မျက်နှာစာမှာ
ကဗျာတွေ
သဘာဝအလျောက်
အလေ့ကျပေါက်နေတဲ့ အိမ်
ဒါပေမယ့် အဲဒီကဗျာတွေမှာ
လက်မှတ်မပါဘူး

ချိုကိုဘို

အိမ်လွမ်းနာ
""""""""""""""""""

တစ်ချိုန်က ချစ်ခဲ့ရသူတွေ ဘယ်လိုကြောင့် သူစိမ်းပြင်ပြင် ပြန်ဖြစ်သွားကြသလဲ ( ဘာသာပြန်အက်ဆေး )

တစ်ချိုန်က ချစ်ခဲ့ရသူတွေ ဘယ်လိုကြောင့် သူစိမ်းပြင်ပြင် ပြန်ဖြစ်သွားကြသလဲ ( ဘာသာပြန်အက်ဆေး )
""""""""""""""""""""""""""""""""""""""""""""""""""""

HOW the PEOPLE WE ONCE LOVED become STRANGERS AGAIN By BRIANNA WIEST

တစ်ချိန်က အရာရာပါဆိုပြီး သတ်မှတ်ခဲ့ရတဲ့သူတွေကို ဘာမှမဟုတ်သော အဖြစ်သို့ ရောက်အောင် ကျွန်တော်တို့ ဘယ်လိုလုပ်လိုက်ကြလဲ တွေးကြည့်ရတာ စိတ်ဝင်စားစရာ​ အကောင်းသား။ မေ့လျော့ခြင်းကို ကျွန်တော်တို့ ဘယ်လို သင်ယူခဲ့ကြသလဲ။ ဘယ်လိုနည်းနဲ့ ကျွန်တော်တို့ မေ့ပစ်လိုက်ကြသလဲ။ သူတို့နေရာမှာ ကျွန်တော်တို့ ဘယ်အချိန်က ဘယ်လို အစားထိုးလိုက်ကြသလဲ။

ကျွန်တော်တို့ဟာ ပျော်ရွှင်ခြင်းထံမှ သင်ယူရတာထက် သောကဗျာပါဒထံမှ သင်ယူရတာ ပိုသိလွယ် ပိုအတတ်မြန်ကြတယ်။ ဒါအပြင် အရွေ့သဘောက ကျွန်တော်တို့ကို ပြောပြနေတာတွေဟာ ရင်းနှီးဆက်ဆံမှုက ပြောပြတာတွေထက် များစွာပိုပါသေးတယ်။

ဒါပေမယ့် သူစိမ်းပြင်ပြင် ပြန်ဖြစ်သွားတဲ့ သံသရာလည်မှုဖြစ်စဥ်ကို ကြုံရတဲ့အခါ အဲဒါကို ခင်ဗျား ဘယ်လို အဓီပ္ပါယ်ဖွင့်မလဲ။ အဲဒီလိုနဲ့ တစ်ယောက်ကိုတစ်ယောက် ချစ်ကျွမ်းဝင်မှုကို အမှန်တကယ်ကြိး ရပ်တန့်လိုက်ကြတာတော့ မဟုတ်ဘူး။ ခင်ဗျားစိတ်ထဲမှာ သူ့ကို အခြားတစ်ယောက်အဖြစ် မြင်လာမိရာကစပြီး ရွေးခြယ်စရာမရှိတဲ့ အခြေအနေကို ရောက်သွားတာမျိုး ဖြစ်နိုင်ပါတယ်။ ခင်ဗျားရဲ့ နေစဥ်ဘဝစိုးရိမ်ပူပန်မှုတွေ၊ ခင်ဗျားကိုယ်လုံးတီးနဲ့ဆိုရင် ဘယ်လိုပုံရှိလဲဆိုတာတွေ၊ ဘယ်အချက်တွေက ခင်ဗျားကို မျက်ရည်ကျအောင် လုပ်နိုင်သလဲဆိုတာတွေ၊ အဲသဟာတွေကို ခင်ဗျားဘယ်လောက်တောင် မြတ်နိုးသလဲဆိုတာတွေ၊ ဒါမျိုးတွေကို မသိတော့တဲ့ သူတစ်ယောက်အဖြစ် သူ့အပေါ် ထင်မြင်ခံစားမိလာတာမျိုးပေါ့။ ကျန်ရှိသမျှအားလုံးဟာ သူတို့မှတ်ညာဏ်ထဲကအရာတွေနဲ့ ဆင်တူတွေ ဖြစ်နေခဲ့ရင်တောင်မှ ကျွန်တော်တို့ဘဝတွေက တစုံတယောက်ရဲ့ဝန်းကျင်မှာ ကျင်လည်နေခိုက် သူတို့အနေနဲ့ အဲသလိုဖြစ်လာစရာ အကြောင်းမရှိဘူး။

ခင်ဗျားဆီကနေ ဘယ်တော့မှ ထွက်မသွားဘဲ တဝဲလည်လည်ဖြစ်နေတဲ့ အသေးအမွှားလေးတွေဆိုတာ အမြဲတမ်းရှိတယ်။ ခင်ဗျာတို့ သွားရောက်ခဲ့တဲ့နေရာတွေ၊ ခင်ဗျားတို့ ပြောခဲ့တဲ့ စကားတွေ၊ ခင်ဗျားတို့ အဓိကနားထောင်လေ့ရှိတဲ့ သီချင်းတွေ ဒါမျိုးတွေအပေါ်မှာ နှစ်ခြိုက်စွဲလန်းခဲ့ရတဲ့ အမှတ်တရတွေပေါ့။

အဲဒီသီချင်းတစ်ပုဒ်ပုဒ်ကို ပြန်လည်နားဆင်နေရင်း၊ ပြီးတော့ သူ့အပါးမှာ တဝဲလည်လည်ဖြစ်ဆဲဆိုတာ သတိပြုမိရင်းနဲ့ကို ကျွန်တော်တို့အားလုံးဟာ နောက်ဆုံးတော့ စာရင်းပိတ်သိမ်းကောင်တာမှာ တန်းစီနေတာ ကိိုယ့်ကိုယ်ကိုယ် တွေ့ကြရတာပဲ။ ကျွန်တော်တို့ လုံးဝ ရပ်တန့်ပစ်လိုက်ဖို့ဆိုတာ ဘယ်တော့မှ ဖြစ်မလာနိုင်တဲ့ပုံပဲ။ ခင်ဗျား ချစ်ခင်ရသူတွေရဲ့ မွေးနေ့ကို၊ ဒါမှမဟုတ် ခင်ဗျားတို့ ပထမအကြိမ် အကျွမ်းဝင်ခဲ့တဲ့ အတွေ့အကြုံကို တကယ်မေ့သွားသလား။ သို့မဟုတ် မှတ်မိနေဆဲလား။

ခင်ဗျားတို့ရဲ့ အထိမ်းအမှတ်ရက်တွေက နှစ်တစ်နှစ်ရဲ့ အခြားသောသာမန်နေ့ရက်တွေလိုပဲ ဘာမှမထူးခြားတာမျိုး ပြန်ဖြစ်သွားပြီလား။ ခင်ဗျား လုပ်ဆောင်ခဲ့တာတွေ နဲ့ ခင်ဗျားပေးခဲ့တဲ့ကတိတွေ တကယ်ပဲ ဓာတ်ပြယ်သွားခဲ့ပြီလား။ အဲဒါတွေကို စွန့်ပစ်ခဲ့လိုက်ပြီး အခု ဗလာအနေအထား ရောက်ပြီလား။ ဒါမှမဟုတ် စွန့်လွှတ်ရန်မှတပါး တခြားရွေးခြယ်စရာမရှိဖြစ်ခဲ့ပြီးတဲ့နောက် အဲဒိီအရာတွေကို အသေအချာ လျစ်လျူပြုထားနိုင်ပြီလား။

စိတ်က ခင်ဗျားကို ဆက်သွားဖို့ နှိုးဆော်နေပြီး အနောက်ကလိုက်ပါဖို့ ခင်ဗျားနှလုံးသားကို ဖိအားပေးပါလိမ့်မယ်။ ခင်ဗျားဟာ တယောက်ယောက်ကို တနည်းနည်းနဲ့ ထာဝရအတွက် ချစ်ခဲ့တာဖြစ်ဖြစ် ဒါမှမဟုတ် ဘယ်သူ့ကိုမှ  အမှန်တကယ် လုံးဝ မချစ်ခဲ့မျိုးဖြစ်ဖြစ်ကျွန်တော် ယုဲကြည်မျှော်လင့်ချင်ပါရဲ့။ ဆန်ကျင်တုံ့ရုန်းတတ်တဲ့ ဓာတုပစ္စည်းနှစ်ခု တချိန်ချိန်မှာ နှစ်ခုလုံး ​ပြောင်းလွဲသွားကြတာ ဓမ္မတာပဲ။ သူတို့ဆီ ပြန်ပြီး စွန့်စားတိမ်းညွတ်သက်ဝင်ခြင်းဖြစ်ဖို့ရာကလည်း တခါတရံမှာ ကျွန်တော်တို့ ချန်ထားရစ်ခဲ့တဲ့ ဒဏ်ရာတွေဟာ အစိမ်းလတ်လတ် ဖြစ်လွန်းနေတတ်တယ်။

ကျွန်တော်တို့ အရေးပါမှု အလေးထားမှု ရပ်တန့်သွားလို့ တစ်ယောက်ကိုတစ်ယောက် အပြီးအပိုင် စာရင်းဖျက်လိုက်တာမျိုး မဟုတ်ဘူးလို့ ကျွန်တော် ယုံကြည်ချင်မိပါရဲ့။ အချစ်ဆိုတာ စွန့်လွှတ်လို့ရကောင်းတဲ့ တရားမဟုတ်ဘူးလို့ပဲ ကျွန်တော်က သိထားခဲ့တာ။

ကျွန်တော်တွေးမိတာ တစ်ခုရှိတယ်။ မျှော်လင့်မိတာလည်း ဖြစ်နိင်တာပေါ့။ တကယ်လို့ ကျွန်တော်တို့ဟာ အချစ်ဆိုတာကို မရှိမဖြစ်စာရင်းကနေ ထုတ်ပယ်လို့ ရနိိုင်မလားပေါ့။ ကျွန်တော်တို့ အားလုံးဟာ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်စကြာဝဠာသေးသေးလေးရဲ့ အလယ်မှာ ရှိကြပြီး တခါတရံမှာ အခြားသူတွေရဲ့ စကြာဝဠာနဲ့ ထပ်မိကြတယ်။ အဲဒီထိတွေမှုလေးဟာ တချို့အစိတ်အပိုင်းတွေမှာ အပြောင်းအလဲကို ချန်ထားရစ်ခဲ့တယ်။ တွန်းတိုက်ထိခတ်မှုဟာ ကျွန်တော်တို့ကို ပျက်စီးသွားစေနိုင်တယ်။ နေရာရွေ့သွားစေနိုင်တယ်။ တခါတလေ ကျွန်တော်တို့ကို တစ်ခုတည်းအဖြစ် ပေါင်းစည်းမိသွားစေပြီး တခါတလေ ကျွန်တော်တို့ ရရှိပိုင်ဆိုင်လိုက်ပြီလို့ ထင်ထားတဲ့အရာကို ဆုံးရှုံးရခြင်းအတွက် ဖြေသိမ့်နိုင်ဖို့ ဖျက်ဆီးပစ်လိုက်မိတတ်ကြတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားရဲ့ သိမြင်မှုနယ်ပယ် ကျယ်ပြန်လာမှာကတော့ အသေအချာပဲ။ အချစ်အကြောင်းကို အရင်ကထက် ပိုသိပြီး ကျန်ရစ်မယ်။ အချစ်က ဘာတွေ စွမ်းနိုင်ခဲ့သလဲ။ ခင်ဗျားနှလုံးသားက အပေါက်တစ်ခု၊ ခင်ဗျားရဲ့ အိပ်ရာပေါ်က နေရာလွတ်၊ ခင်ဗျားနံဘေးထိုင်ခုံ ဗလာကျင်းနေမှု၊ အလွန်ဆုံး သူတတ်နိုင်တာ ဒီလောက်လေးပါပဲ။

ကျွန်တော်တို ရရှိဖူးတဲ့ အဲဒီအပေါက်မှာ အပေါက်ကိုဖြစ်ပေါ်စေခဲ့တဲ့သူ ပြန်ပြီး နေရာယူနိုင်မလား မယူနိုင်လောက်ဘူးလား  ကျွန်တော်မပြောတတ်ပါ။ ဒါ့အပြင် မိမိအပေါ် အထူးတလည် အလေးအနက်ထားဖဲ့ဖူးသူကို အခြားတယောက်ယောက်နဲ့ တန်းတူ ယှဥ်ဖက်ပြုလို့ ရနိုင်မလား မနိုင်လောက်ဘူးလား။ ဒါကိုလည်း ကျွန်တော်မ​ပြောတတ်တော့ပါ။

မြန်မာပြန် ချိုကိုဘို

ဘက်ဆဲလာ စာရေးဆရာ Brianna Wiest ​ရေးသော သင့်တွေးခေါ်ပုံကို ပြောင်းလဲစေမည့် အက်ဆေးတစ်ရာ့တစ်ပုဒ် စာအုပ်မှ။

( 101  ESSAYS that will CHANGE the way YOU THINK )
#BriannaWiest 

မိုနိုပိုလီ

လှိမ့်နေတဲ့အံစာတုံးလေးဟာ

ခုနစ်မှာရပ်သွားတယ်
နတ်ပြည်ရဲ့ မြေညီထပ် . . .
ဝမ်းသာအားရ အိမ်တစ်လုံးဆောက်လိုက်တယ်

နောက်တစ်ကြိမ် တစ် ကျတယ်
နတ်ပြည် ဒုတိယအထပ်ကို ရောက်တယ်
အိမ်တစ်ဆောင်ဆောက်ဖြစ်ပြန်တယ်
တစ် ချည်းပဲ နောက်ထပ် လေးကြိမ်တိတိ ကျအပြီး
နတ်ပြည်ခြောက်ထပ်မှာ
အိမ်သုံးဆောင် နဲ့ ဟိုတယ်သုံးလုံး
ရင်းနှီးမြှုပ်နှံ ဖြစ်ခဲ့တယ်
တစ်ပတ်ပြီးတစ်ပတ်သာ ကုန်သွားတယ်
အိမ်ငှားမယ့်သူ လည်းမလာ
ဟိုတယ်အခန်းလဲ မငှားရ
စရိတ်တောင် အနိုင်နိုင်
အခွန်ကြွေးတွေလည် တက်ပြီးရင်း တက်နေရောပဲ

နောက်ဆုံး
ရှိစုမဲ့စု အင်အားနဲ့
အံစာတုံးကို အနိုင်နိုင် မ ပြီး လွှတ်ချလိုက်တယ်
၁၃ခွဲ ကျတယ်
ငရဲပြည် မြေညီထပ် တဲ့
မတတ်နိုင်တော့ဘူးလေ
အရှုံးပေါ်နေတဲ့ နတ်ပြည်ခြောက်ထပ်စလုံးရောင်း
ငရဲမှာပဲ အပြီးနေတော့မယ့်ကြံ
ရဲတိုက်အကြီးကြီးတစ်ခု
ကိုယ်တိုင်နေဖို့ ဆောက်ဖြစ်ခဲ့တယ်
ဒါပေမယ့်
ဆောက်လို့မှမပြီးခင်မှာပဲ
အလို...
အခန်းအားလုံး ဘွတ်ကင်ပြည့်သွားရဲ့! ! !

ချိုကိုဘို

စိတ်လိုက်တယ် မာန်မပါဘူး

ငါဟာ

အရေးပါဆုံး အရာတွေကို
သိမ်းဆည်းစရာ အံဝှက်တစ်ခုကို
ပိုင်ဆိုင်တဲ့ ဖြစ်ကျိုးအင်း ဖြစ်တယ်
တစ်ယောက်တည်း နားလည်တဲ့
" စိတ်လိုက်တယ် မာန်မပါဘူး " ဆိုတဲ့မန္တာန်နဲ့
အံဝှက်ကို ဖွင့်ရတယ်

ပျော်စရာ ဖြစ်ရပ်တွေကို
အံဝှက်ရဲ့ အောက်ဆုံးမှာ ထားတယ်
အလွယ်တကူ မြင်နေရရင်
အလွယ်တကူ ပျော်ခဲ့ခြင်းမဟုတ်တာတွေကို
အလွယ်တကူ သတိရမိမှာစိုးလို့

လွှင့်မပစ်ရက်တဲ့
ဒဏ်ရာအကျိုးအကြေတွေကိုလည်း
ထည့်သိမ်းရတယ်
သတိရတိူင်း
အသစ်တဖန် ပြန်နာကျင်နိုင်အောင်လို့
အမာရွတ် တွေက မူလဒဏ်ချက်တွေနဲ့မှ
အံဝင်ခွင်ကျ ဖြစ်မယ်မို့လား

ငေးကြည့်စရာ ကောင်းကင်တစ်ခု ရှိနေတာ
ကောင်းကြောင်း သက်သေအဖြစ်
အံဝှက်လေးက အမြဲ ရှိနေအုံးမှာပဲ

ငါလို မြစ်ကျိုးအင်း ဆိုတာ
သမုဒ္ဒရာတွေကို ထားဘိဦး
ပင်လယ်သေထဲကိုတောင်
စီဆင်းခွင့် မရှိတော့တဲ့
မြစ်သေတစ်စင်းပဲ

ချိုကိုဘို

 အရှုံး

""""""""
မြန်မာပြန် ချိုကိုဘို
Defeat BY KAHLIL GIBRAN

အရှုံး.... ငါ့ရဲ့ အရှုံး
ငါ့ရဲ့ အဖော်မဲ့ကင်း အထီးကျန်မှု....
မင်းတို့ဟာ အောင်ပွဲအရာအထောင်ထက်ပိုပြီး
ငါ့အပေါ် ကြင်နာကြသေးရဲ့
လောကဂုဏ်ကျက်သရေ အားလုံးထက်ပိုပြီး
ငါ့နှလုံးသားအပေါ် အချိုတကြည် ရှိလှသေးရဲ့

အရှုံး.... ငါ့ရဲ့ အရှုံး
ငါ့ကိုယ်ငါ သိတဲ့အသိ၊ ငါ့ရဲ့ ပမာမခန့်နိုင်မှု.....
မင်းတို့ကြောင့်သာ
ငါ့ရဲ့ ပျိုမြစ်သွက်လက်မှုကို ငါသိမြင်ပြီး
ညှိုးရိနွမ်း အောင်ပန်းသပြေရဲ့
ထောင်ချောက်ကို ရှောင်ရှားနိုင်ခဲ့
မင်းတို့ကြောင့်သာ
ငါ့ရဲ့ ဧကစာဘဝကို ရရှိပြီး
ပယ်ရှားခံရခြင်းရဲ့ ပျော်ရွင်ဖွယ်အချက်ကို သိမြင်ခဲ့

 အရှုံး.... ငါ့ရဲ့ အရှုံး
ငါ့ရဲ့တောက်ပတဲ့ ဓား နဲ့ ဒိုင်း....
မင်းတို့မျက်ဝန်းတွေထဲမှာ
ရာဇပလ္လင်ကိုရော သဘောက်ခြေချင်းကိုပါ
ငါ ဖတ်ရှုခဲ့ရ
ငါ့အပေါ် သိနားလည်မှုကိုရော နှိမ့်ချမှုကိုပါ
ငါ ဖတ်ရှုခဲ့ရ
ဖမ်းဆုပ်ခံရခြင်းဟာ ပြည့်စုံမှုဂိတ်ဆုံးသွားခြင်း ဖြစ်တယ်ဆိုတာ ငါသိမြင်ခဲ့
မှည့်ဝင်းသစ်သီးတစ်လုံး
ကြွေကျရ၊ အစားသုံးခံလိုက်ရသလိုပေါ့

အရှုံး.... ငါ့ရဲ့ အရှုံး
ငါ့ရဲ့ ရဲရင့်တဲ့ အဖော်မွန်....
ငါ့တေးဆိုသံ အော်သံ တိတ်ဆိတ်သံတွေကို
မင်း ကြားရလိမ့်
ပြီးတော့
ပင်လယ်တွေနဲ့
ညအချိန် လောင်ကျွမ်းနေတဲ့ တောင်ကုန်းတို့ရဲ့ လှုံ့ဆော်သံတွေအကြောင်း
မင်းကလွဲပြီး ငါ့ကို ဘယ်သူမှ မပြောပြခဲ့
မတ်စောက်ပြီး ကျောက်သားအတိပြီးတဲ့
ငါ့ဝိညာဥ်ထက်ဆီသို့
မင်းကလွဲပြီး တက်ရောက်မယ့်သူ မရှိခဲ့

အရှုံး.... ငါ့ရဲ့ အရှုံး
ငါ့ရဲ့ သေခြင်းမဲ့ ရဲစွမ်း....
မင်း နဲ့ ငါ အတူ
မုန်တိုင်းကို ရယ်သွေးသွမ်းကြမယ်
ပြီးတော့
ငါ့တို့အတွင်း သေဆုံးသွားတဲ့ အရာအာလုံးအတွက်
သေတွင်း တူးပေးကြမယ်
ပြီးတော့
နေရောင်အောက်မှာ ဆန္ဒတစ်ခု ကိုင်စွဲပြီး
အန္တရာယ်ကောင်တွေ ဖြစ်လိုက်ကြတာပေါ့

မြန်မာပြန် ချိုကိုဘို
Defeat BY KAHLIL GIBRAN

ကဗျာဆရာ

 ကဗျာဆရာ

"""""""""""""""""

တစ်ပုဒ်ရေးတယ်
ချာလွန်းတယ် မကြိုက်ဘူး
အမှိုက်တောင်းထဲ ထည့်လိုက်တယ်
နောက်တစ်ပုဒ်ရေးတယ်
သဒ္ဒါအထားအသိုမှားနေတယ် သဘောမတွေ့ဘူး
အမှိုက်တောင်းထဲထည့်လိုက်တယ်
နောက်တစ်ပုဒ်ရေးတယ်
ကိုယ်တိုင်တောင် ဘာရေးထားမှန်းနားမလည်
သွားရော့ အမှိုက်တောင်းထဲ
နောက်တစ်ပုဒ်
ရှေ့နောက်မညီဘူး မကြိုက်ဘူး
အမှိုက်တောင်းထဲ ထည့်လိုက်ပြန်တယ်
နောက်တစ်ပုဒ်
ယုတ္တိမရှိဘူး
နောက်တစ်ပုဒ်
စကားလုံးတွေ ဝရုန်းသူန်ကားဆန်လွန်းတယ်
နောက်တစ်ပုဒ်
ဆိုလိုရင်းဝါးတားတား
နောက်တစ်ပုဒ်
ကြောင်ခြစ်ရာလို ရှုပ်ရှက်ခတ်
နောက်တစ်ပုဒ်
ုဇောက်ထိုးမိုးမျှော်ဖြစ်နေတဲ့ ရာသီဥတုကို
ကြည့်နေရသလို
နောက်တစ်ပုဒ် နောက်တစ်ပုဒ် နောက်တစ်ပုဒ်....
ထိုနည်းနှင်နှင် ထိုနည်းနှင်နှင် ထိုနည်းနှင်နှင်.....

ဘယ်လိုမှ သည်းမခံနိုင်တဲ့အဆုံး
သူ့ကိုယ်သူ
အမှိုက်တောင်းထဲပစ်ထည့်ပြီး
အဆုံးစီရင်လိုက်တယ်
နှစ်အနည်းငယ်အကြာမှ
သူ့အလောင်းကို သူ့ကဗျာတွေနဲ့အတူတွေ့ကြရတယ်
လူတွေဟာအထူးအဆန်းအနေနဲ့
အလုအယက်ဖတ်ရှုကြ.....
တမဟုတ်ချင်းကမ္ဘာကျော်သွားတယ်
ပြီးတော့
သူ့ရဲ့အုတ်ဂူမှာ အခုလို
ကမ္ဗည်းရေးထိုးပေးကြတယ်
"ဤနေရာ၌ ကဗျာအဆန်ဆုံး ကဗျာဆရာတစ်ဦး
လဲလျောင်းလျက်ရှိသည်"

ချိုကိုဘို

ဝိရောဓိ

 ဝိရောဓိ

""""""""""""

နှလုံးသားဂြိုဟ်ရဲ့ အီကွေတာရပ်ဝန်းမှာ 

ဥတုသုံးလီ ရှိတယ် 

ရင်ကွဲရာသီ ရင်ဆုံရာသီ နဲ့ ရင်လွတ်ရာသီ 

ဥတုသုံးခုဟာ တစ်ခုကို တစ်ခု လွန်းတင်နေကြတော့ 

ဘယ်ဥတုက အစ ဘယ်ဥတုက အဆုံး 

ဘယ်သူမှ မဆုံးဖြတ်နိုင်ကြ 

တစ်ရက်တော့ 

ရင်ကွဲရာသီ နဲ့ ရင်ဆုံရာသီ တို့ 

ဘယ်သူက

အီလက်ထရွန် ဖြစ်ထိုက်ကြောင်း 

အငြင်းအခုံ ဖြစ်ကြတယ် 

နျူထရွန်အဖြစ် ခံယူထားတဲ့ 

ရင်လွတ်ရာသီက 

ဝင်ဖြန်ဖြေဖို့ ကြိုးစားပေမယ့် မအောင်မြင် 

နောက်ဆုံး စိတ်ပျက်ပြီး 

အဲဒီဂြိုဟ်ကနေ စွန့်ခွာသွားခဲ့တယ် 

ဆန့်ကျင်ဘက် သဘောဆောင်တဲ့ 

ဥတု နှစ်လွန်းတည်းနဲ့ 

ဆက်လက်လည်ပတ်ဖို့ရာ မဖြစ်နိုင်တော့

နှလုဲးသားဂြိုဟ်ဟာပေါက်ကွဲလွင့်စင်သွားခဲ့ရ

စကြာဝဠာသင်္ချိုင်းမှာတောင် 

နေရာတစ်ခု မရယူနိုင်တော့တဲ့အထိ 

ရင်ကွဲရာသီ က အီလက်ထရွန် ဖြစ်ခိုက်မှာ 

ရင်ဆုံရာသီ က ပရိုတွန် ဖြစ်ပြီး 

ရင်ဆုံရာသီ က အီလက်ထရွန် ဖြစ်ခိုက်မှာ 

ရင်ကွဲရာသီ က ပရိုတွန် ဖြစ်တယ်ဆိုတာ 

ပြီးတော့ တလှည့်စီ ဖြစ်ခွင့်ရှိတယ်ဆိုတာ 

သူတို့ စောစောက သဘောပေါက်ခဲ့ရင်....

ချိုကိုဘို