Monday, May 23, 2022

အိမ်လွမ်းနာ

ကိုယ့်ရှေ့မှာရှိတဲ့ ရှုကွင်းတွေဟာ

မြင်ကွင်းအဖြစ်ကို ရောက်မလာခဲ့ကြ
အနားမှာ ကပ်ပြီး စီးဆင်းနေတဲ့
တိမ်လှိုင်းသံတွေကလည်း
အကြားအာရုံ အဖြစ်ကိို ရောက်မလာခဲ့ကြ
မြင်သိစိတ် ကြားသိစိတ် သွေးဆုံးနေသလို

နေ့တွေညတွေဟာ
သူ့တို့ရှေ့က အကောင်ရဲ့ အမြီးကို ကိုက်ပြီး
စီတန်းလှည့်လည်နေကြတယ်
သူတို့ ဘာပွဲသဘင်တွေ
ဆင်ယင်နေကြပါလိမ့် စေ့ငုဖို့ သတိမရ
ရာသီတွေ
တစ်ကောင်ပြီး တစ်ကောင်
ဖြတ်သန်းပြေးလွားသွားကြတယ်
ကိုယ်ကို ဝင်တိုက်သွားသလား ဘာလား
အမှတ်တမဲ့သာ
စိတ်ဟာ တစ်နေရာတည်းမှာသာ
ခိုတည်းနေလျက်သား
အဲဒီနေရာက " အိမ် "

လွမ်းတယ်
မိုးကုပ်စက်ဝိုင်းရဲ့ ဟိုဘက်က
မရောက်ဖူးတဲ့ အိမ်ကို လွမ်းတယ်
အဲဒီအိမ်မှာ
ပြူတင်းပေါက်တွေကို
အရုဏ်ဦးနဲ့ ဘောင်ကွပ်ထားပြီး
အဝင်အတွက် တံခါးကို
ဆည်းဆာနဲ့ ဘောငိကွပ်ထားတယ်

စကားလုံးတွေနဲ့ ဆောက်ထားတဲ့ အိမ်
ဒါပေမယ့် အဲဒီစကားလုံးတွေမှာ
အက္ခရာတွေ မပါဘူး
ဂီတကို
စိပ်တလှည့် ကျဲတလှည့် စီပြီးမိုးထားတဲ့ အိမ်
ဒါပေမယ့် အဲဒီဂီတမှာ အသံမပါဘူး
ပန်းချီကားတွေ  ကာထားတဲ့အိမ်
ဒါပေမယ့် အဲဒီပန်ချီတွေမှာ
အရောင်မပါဘူး
အိမ်ရှေ့မျက်နှာစာမှာ
ကဗျာတွေ
သဘာဝအလျောက်
အလေ့ကျပေါက်နေတဲ့ အိမ်
ဒါပေမယ့် အဲဒီကဗျာတွေမှာ
လက်မှတ်မပါဘူး

ချိုကိုဘို



အိမ်လွမ်းနာ
""""""""""""""""""

ကိုယ့်ရှေ့မှာရှိတဲ့ ရှုကွင်းတွေဟာ
မြင်ကွင်းအဖြစ်ကို ရောက်မလာခဲ့ကြ
အနားမှာ ကပ်ပြီး စီးဆင်းနေတဲ့
တိမ်လှိုင်းသံတွေကလည်း
အကြားအာရုံ အဖြစ်ကိို ရောက်မလာခဲ့ကြ
မြင်သိစိတ် ကြားသိစိတ် သွေးဆုံးနေသလို

နေ့တွေညတွေဟာ
သူ့တို့ရှေ့က အကောင်ရဲ့ အမြီးကို ကိုက်ပြီး
စီတန်းလှည့်လည်နေကြတယ်
သူတို့ ဘာပွဲသဘင်တွေ
ဆင်ယင်နေကြပါလိမ့် စေ့ငုဖို့ သတိမရ
ရာသီတွေ
တစ်ကောင်ပြီး တစ်ကောင်
ဖြတ်သန်းပြေးလွားသွားကြတယ်
ကိုယ်ကို ဝင်တိုက်သွားသလား ဘာလား
အမှတ်တမဲ့သာ
စိတ်ဟာ တစ်နေရာတည်းမှာသာ
ခိုတည်းနေလျက်သား
အဲဒီနေရာက " အိမ် "

လွမ်းတယ်
မိုးကုပ်စက်ဝိုင်းရဲ့ ဟိုဘက်က
မရောက်ဖူးတဲ့ အိမ်ကို လွမ်းတယ်
အဲဒီအိမ်မှာ
ပြူတင်းပေါက်တွေကို
အရုဏ်ဦးနဲ့ ဘောင်ကွပ်ထားပြီး
အဝင်အတွက် တံခါးကို
ဆည်းဆာနဲ့ ဘောငိကွပ်ထားတယ်

စကားလုံးတွေနဲ့ ဆောက်ထားတဲ့ အိမ်
ဒါပေမယ့် အဲဒီစကားလုံးတွေမှာ
အက္ခရာတွေ မပါဘူး
ဂီတကို
စိပ်တလှည့် ကျဲတလှည့် စီပြီးမိုးထားတဲ့ အိမ်
ဒါပေမယ့် အဲဒီဂီတမှာ အသံမပါဘူး
ပန်းချီကားတွေ  ကာထားတဲ့အိမ်
ဒါပေမယ့် အဲဒီပန်ချီတွေမှာ
အရောင်မပါဘူး
အိမ်ရှေ့မျက်နှာစာမှာ
ကဗျာတွေ
သဘာဝအလျောက်
အလေ့ကျပေါက်နေတဲ့ အိမ်
ဒါပေမယ့် အဲဒီကဗျာတွေမှာ
လက်မှတ်မပါဘူး

ချိုကိုဘို

No comments:

Post a Comment