တစ်ချိုန်က ချစ်ခဲ့ရသူတွေ ဘယ်လိုကြောင့် သူစိမ်းပြင်ပြင် ပြန်ဖြစ်သွားကြသလဲ ( ဘာသာပြန်အက်ဆေး )
""""""""""""""""""""""""""""""""""""""""""""""""""""
HOW the PEOPLE WE ONCE LOVED become STRANGERS AGAIN By BRIANNA WIEST
တစ်ချိန်က အရာရာပါဆိုပြီး သတ်မှတ်ခဲ့ရတဲ့သူတွေကို ဘာမှမဟုတ်သော အဖြစ်သို့ ရောက်အောင် ကျွန်တော်တို့ ဘယ်လိုလုပ်လိုက်ကြလဲ တွေးကြည့်ရတာ စိတ်ဝင်စားစရာ အကောင်းသား။ မေ့လျော့ခြင်းကို ကျွန်တော်တို့ ဘယ်လို သင်ယူခဲ့ကြသလဲ။ ဘယ်လိုနည်းနဲ့ ကျွန်တော်တို့ မေ့ပစ်လိုက်ကြသလဲ။ သူတို့နေရာမှာ ကျွန်တော်တို့ ဘယ်အချိန်က ဘယ်လို အစားထိုးလိုက်ကြသလဲ။
ကျွန်တော်တို့ဟာ ပျော်ရွှင်ခြင်းထံမှ သင်ယူရတာထက် သောကဗျာပါဒထံမှ သင်ယူရတာ ပိုသိလွယ် ပိုအတတ်မြန်ကြတယ်။ ဒါအပြင် အရွေ့သဘောက ကျွန်တော်တို့ကို ပြောပြနေတာတွေဟာ ရင်းနှီးဆက်ဆံမှုက ပြောပြတာတွေထက် များစွာပိုပါသေးတယ်။
ဒါပေမယ့် သူစိမ်းပြင်ပြင် ပြန်ဖြစ်သွားတဲ့ သံသရာလည်မှုဖြစ်စဥ်ကို ကြုံရတဲ့အခါ အဲဒါကို ခင်ဗျား ဘယ်လို အဓီပ္ပါယ်ဖွင့်မလဲ။ အဲဒီလိုနဲ့ တစ်ယောက်ကိုတစ်ယောက် ချစ်ကျွမ်းဝင်မှုကို အမှန်တကယ်ကြိး ရပ်တန့်လိုက်ကြတာတော့ မဟုတ်ဘူး။ ခင်ဗျားစိတ်ထဲမှာ သူ့ကို အခြားတစ်ယောက်အဖြစ် မြင်လာမိရာကစပြီး ရွေးခြယ်စရာမရှိတဲ့ အခြေအနေကို ရောက်သွားတာမျိုး ဖြစ်နိုင်ပါတယ်။ ခင်ဗျားရဲ့ နေစဥ်ဘဝစိုးရိမ်ပူပန်မှုတွေ၊ ခင်ဗျားကိုယ်လုံးတီးနဲ့ဆိုရင် ဘယ်လိုပုံရှိလဲဆိုတာတွေ၊ ဘယ်အချက်တွေက ခင်ဗျားကို မျက်ရည်ကျအောင် လုပ်နိုင်သလဲဆိုတာတွေ၊ အဲသဟာတွေကို ခင်ဗျားဘယ်လောက်တောင် မြတ်နိုးသလဲဆိုတာတွေ၊ ဒါမျိုးတွေကို မသိတော့တဲ့ သူတစ်ယောက်အဖြစ် သူ့အပေါ် ထင်မြင်ခံစားမိလာတာမျိုးပေါ့။ ကျန်ရှိသမျှအားလုံးဟာ သူတို့မှတ်ညာဏ်ထဲကအရာတွေနဲ့ ဆင်တူတွေ ဖြစ်နေခဲ့ရင်တောင်မှ ကျွန်တော်တို့ဘဝတွေက တစုံတယောက်ရဲ့ဝန်းကျင်မှာ ကျင်လည်နေခိုက် သူတို့အနေနဲ့ အဲသလိုဖြစ်လာစရာ အကြောင်းမရှိဘူး။
ခင်ဗျားဆီကနေ ဘယ်တော့မှ ထွက်မသွားဘဲ တဝဲလည်လည်ဖြစ်နေတဲ့ အသေးအမွှားလေးတွေဆိုတာ အမြဲတမ်းရှိတယ်။ ခင်ဗျာတို့ သွားရောက်ခဲ့တဲ့နေရာတွေ၊ ခင်ဗျားတို့ ပြောခဲ့တဲ့ စကားတွေ၊ ခင်ဗျားတို့ အဓိကနားထောင်လေ့ရှိတဲ့ သီချင်းတွေ ဒါမျိုးတွေအပေါ်မှာ နှစ်ခြိုက်စွဲလန်းခဲ့ရတဲ့ အမှတ်တရတွေပေါ့။
အဲဒီသီချင်းတစ်ပုဒ်ပုဒ်ကို ပြန်လည်နားဆင်နေရင်း၊ ပြီးတော့ သူ့အပါးမှာ တဝဲလည်လည်ဖြစ်ဆဲဆိုတာ သတိပြုမိရင်းနဲ့ကို ကျွန်တော်တို့အားလုံးဟာ နောက်ဆုံးတော့ စာရင်းပိတ်သိမ်းကောင်တာမှာ တန်းစီနေတာ ကိိုယ့်ကိုယ်ကိုယ် တွေ့ကြရတာပဲ။ ကျွန်တော်တို့ လုံးဝ ရပ်တန့်ပစ်လိုက်ဖို့ဆိုတာ ဘယ်တော့မှ ဖြစ်မလာနိုင်တဲ့ပုံပဲ။ ခင်ဗျား ချစ်ခင်ရသူတွေရဲ့ မွေးနေ့ကို၊ ဒါမှမဟုတ် ခင်ဗျားတို့ ပထမအကြိမ် အကျွမ်းဝင်ခဲ့တဲ့ အတွေ့အကြုံကို တကယ်မေ့သွားသလား။ သို့မဟုတ် မှတ်မိနေဆဲလား။
ခင်ဗျားတို့ရဲ့ အထိမ်းအမှတ်ရက်တွေက နှစ်တစ်နှစ်ရဲ့ အခြားသောသာမန်နေ့ရက်တွေလိုပဲ ဘာမှမထူးခြားတာမျိုး ပြန်ဖြစ်သွားပြီလား။ ခင်ဗျား လုပ်ဆောင်ခဲ့တာတွေ နဲ့ ခင်ဗျားပေးခဲ့တဲ့ကတိတွေ တကယ်ပဲ ဓာတ်ပြယ်သွားခဲ့ပြီလား။ အဲဒါတွေကို စွန့်ပစ်ခဲ့လိုက်ပြီး အခု ဗလာအနေအထား ရောက်ပြီလား။ ဒါမှမဟုတ် စွန့်လွှတ်ရန်မှတပါး တခြားရွေးခြယ်စရာမရှိဖြစ်ခဲ့ပြီးတဲ့နောက် အဲဒိီအရာတွေကို အသေအချာ လျစ်လျူပြုထားနိုင်ပြီလား။
စိတ်က ခင်ဗျားကို ဆက်သွားဖို့ နှိုးဆော်နေပြီး အနောက်ကလိုက်ပါဖို့ ခင်ဗျားနှလုံးသားကို ဖိအားပေးပါလိမ့်မယ်။ ခင်ဗျားဟာ တယောက်ယောက်ကို တနည်းနည်းနဲ့ ထာဝရအတွက် ချစ်ခဲ့တာဖြစ်ဖြစ် ဒါမှမဟုတ် ဘယ်သူ့ကိုမှ အမှန်တကယ် လုံးဝ မချစ်ခဲ့မျိုးဖြစ်ဖြစ်ကျွန်တော် ယုဲကြည်မျှော်လင့်ချင်ပါရဲ့။ ဆန်ကျင်တုံ့ရုန်းတတ်တဲ့ ဓာတုပစ္စည်းနှစ်ခု တချိန်ချိန်မှာ နှစ်ခုလုံး ပြောင်းလွဲသွားကြတာ ဓမ္မတာပဲ။ သူတို့ဆီ ပြန်ပြီး စွန့်စားတိမ်းညွတ်သက်ဝင်ခြင်းဖြစ်ဖို့ရာကလည်း တခါတရံမှာ ကျွန်တော်တို့ ချန်ထားရစ်ခဲ့တဲ့ ဒဏ်ရာတွေဟာ အစိမ်းလတ်လတ် ဖြစ်လွန်းနေတတ်တယ်။
ကျွန်တော်တို့ အရေးပါမှု အလေးထားမှု ရပ်တန့်သွားလို့ တစ်ယောက်ကိုတစ်ယောက် အပြီးအပိုင် စာရင်းဖျက်လိုက်တာမျိုး မဟုတ်ဘူးလို့ ကျွန်တော် ယုံကြည်ချင်မိပါရဲ့။ အချစ်ဆိုတာ စွန့်လွှတ်လို့ရကောင်းတဲ့ တရားမဟုတ်ဘူးလို့ပဲ ကျွန်တော်က သိထားခဲ့တာ။
ကျွန်တော်တွေးမိတာ တစ်ခုရှိတယ်။ မျှော်လင့်မိတာလည်း ဖြစ်နိင်တာပေါ့။ တကယ်လို့ ကျွန်တော်တို့ဟာ အချစ်ဆိုတာကို မရှိမဖြစ်စာရင်းကနေ ထုတ်ပယ်လို့ ရနိိုင်မလားပေါ့။ ကျွန်တော်တို့ အားလုံးဟာ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်စကြာဝဠာသေးသေးလေးရဲ့ အလယ်မှာ ရှိကြပြီး တခါတရံမှာ အခြားသူတွေရဲ့ စကြာဝဠာနဲ့ ထပ်မိကြတယ်။ အဲဒီထိတွေမှုလေးဟာ တချို့အစိတ်အပိုင်းတွေမှာ အပြောင်းအလဲကို ချန်ထားရစ်ခဲ့တယ်။ တွန်းတိုက်ထိခတ်မှုဟာ ကျွန်တော်တို့ကို ပျက်စီးသွားစေနိုင်တယ်။ နေရာရွေ့သွားစေနိုင်တယ်။ တခါတလေ ကျွန်တော်တို့ကို တစ်ခုတည်းအဖြစ် ပေါင်းစည်းမိသွားစေပြီး တခါတလေ ကျွန်တော်တို့ ရရှိပိုင်ဆိုင်လိုက်ပြီလို့ ထင်ထားတဲ့အရာကို ဆုံးရှုံးရခြင်းအတွက် ဖြေသိမ့်နိုင်ဖို့ ဖျက်ဆီးပစ်လိုက်မိတတ်ကြတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားရဲ့ သိမြင်မှုနယ်ပယ် ကျယ်ပြန်လာမှာကတော့ အသေအချာပဲ။ အချစ်အကြောင်းကို အရင်ကထက် ပိုသိပြီး ကျန်ရစ်မယ်။ အချစ်က ဘာတွေ စွမ်းနိုင်ခဲ့သလဲ။ ခင်ဗျားနှလုံးသားက အပေါက်တစ်ခု၊ ခင်ဗျားရဲ့ အိပ်ရာပေါ်က နေရာလွတ်၊ ခင်ဗျားနံဘေးထိုင်ခုံ ဗလာကျင်းနေမှု၊ အလွန်ဆုံး သူတတ်နိုင်တာ ဒီလောက်လေးပါပဲ။
ကျွန်တော်တို ရရှိဖူးတဲ့ အဲဒီအပေါက်မှာ အပေါက်ကိုဖြစ်ပေါ်စေခဲ့တဲ့သူ ပြန်ပြီး နေရာယူနိုင်မလား မယူနိုင်လောက်ဘူးလား ကျွန်တော်မပြောတတ်ပါ။ ဒါ့အပြင် မိမိအပေါ် အထူးတလည် အလေးအနက်ထားဖဲ့ဖူးသူကို အခြားတယောက်ယောက်နဲ့ တန်းတူ ယှဥ်ဖက်ပြုလို့ ရနိုင်မလား မနိုင်လောက်ဘူးလား။ ဒါကိုလည်း ကျွန်တော်မပြောတတ်တော့ပါ။
မြန်မာပြန် ချိုကိုဘို
ဘက်ဆဲလာ စာရေးဆရာ Brianna Wiest ရေးသော သင့်တွေးခေါ်ပုံကို ပြောင်းလဲစေမည့် အက်ဆေးတစ်ရာ့တစ်ပုဒ် စာအုပ်မှ။
( 101 ESSAYS that will CHANGE the way YOU THINK )
#BriannaWiest