ချစ်တဲ့ သမီးငယ်....
အိပ်မက်က အစစ်နဲ့အယောင်မကွဲဘူး
ဖြစ်ရပ်တွေသာ အစစ်အယောင်ကွဲတာ
ဒါကြောင့် အိပ်မက်ကို ရဲရဲမက်ပါ
သမီးရေ....
လမ်းနဲ့ ခြေလှမ်းမှာ
နှစ်ခုလုံး မှန်နိုင်ရင် အကောင်းဆုံးပေါ့
တခါတလေမှာ
မလွဲမရှောင်သာ
တခုခု အမှားခံဖို့ လိုအပ်လာခဲ့ရင်
ခြေလှမ်းအမှန်ကိုသာ ထိန်းထား
လမ်းမှန်က သမီးခြေထောက်အောက်
အလိုအလျောက် ရောက်လာပါလိမ့်မယ်
အပြုအမူနဲ့ ရလာဒ်ဟာ
နှစ်ခုလုံး အရေးပါတဲ့ အရာတွေ
တခုခုကို အာရုံစိုက်ရမယ်ဆိုရင်
အပြုအမူကို အာရုံစိုက်ပါ
အကြောင်း နဲ့ အကျိုးမှာ
အကြောင်းကသာ ပိုပြီး အခရာ ကျသပေါ့
သမီးငယ်ရေ....
သက်တောင့်သက်သာဖြစ်မှုကို မခုံမင်လေနဲ့
၁၆ပဲရည်ဆိုတာ မြင့်တယ်ထင်ရပေမယ့် ပျော့ဖတ်လွန်းတယ်
သမီးရဲ့လက်မှာ
အသားမာမရှိပဲ ဂီတသံစဥ် လှလှလေးတွေ
သမီးရဲ့ ဂစ်တာက ထုတ်ပေးမှာ မဟုတ်ဘူးကွဲ့
စာအုပ်တွေကို ချစ်ပါ
သီချင်းတွေကို ချစ်ပါ
ဒါတွေက သမီးရဲ့ နှလုံးသွေးကို
နရီကိုက် စီးဆင်းစေမဲ့ အရာ
သမီးလည်း သိတဲ့အတိုင်း
တေးသွားတစ်ခုရဲ့ အသက်ဟာ စည်းချက်
ဘဝဆိုတာကိုလည်း
စည်းချက်နဲ့အညီ စီးဆင်းစေရတယ်
ဒီနေရာမှာ သမီးလိုက်နာရမယ့် စည်းချက်က
သမီးရဲ့ နှလုံးခုန်သံပေါ့
ဒါကြောင့် နှလုံးသားကို နားစွင့်ပါကွယ်
သမီးဘဝမှာ
ကွက်လပ်တွေ အများကြီး ကြုံလာရလိမ့်မယ်
မှတ်ထားပါ
အဲဒီ ကွက်လပ်တိုင်းကို လိုက်ဖြည့်စရာမလို
တချို့ကွက်လပ်တွေက
လပ်သင့်လို့ကို လပ်နေတာ
လပ်နေခြင်းကိုက သူ့ရဲ့အလှ
နေရာလပ်မရှိ ကြယ်တွေနဲ့ ပြွတ်သိပ်နေတဲ့
ကောင်းကင်တစ်ခုကို မြင်ယောင်ကြည့်ပါ
အဖတ်ဆယ် မရအောင် ပျက်စီးသွားမဲ့ ညဖြစ်အင်
တကယ်လို့ တြံဂံပုံ ကွက်လပ်တစ်ခုကို
စက်ဝိုင်းနဲ့ ဖြည့်မိတယ် ဆိုပါစို့
ကွက်လပ်ကို ဖျက်ဆီးသလိုသာ ဖြစ််သွားမှာပေါ့
အရာဝတ္တုတွေကို သေချာစေ့ငုဖို့အတွက်
လိုအပ်လာရင် ဘောင်ကွပ်ပြီး ကြည့်နိုင်တယ်
ဒါပေမယ့် အဲဒီဘောင် အမြဲတမ်း အရှင်သာ ဖြစ်ပါစေ
နို့မိုဆို သမီးကိုယ်တိုင် ပိတ်မိသွားနိုင်တဲ့ အန္တရယ်ရှိတယ်
မိမိဟာ တစုံတရာထဲ ပိတ်မိနေတာ ဆိုးတယ်
လွတ်မြောက်မှုကို ဆုံးရှုံးရတယ်
နောက်တခါ
တစုံတရာက မိမိအထဲ ပိတ်မိနေတာ ပိုဆိုးပြန်ရော့
ချစ်တဲ့ သမီးငယ်
မြင့်နိုင်သလောက် မြင့်မြင့်ပျံဖို့ကို
ဖေဖေ အားမပေးဘူးကွယ်
လေထုပါးမယ်
မြေပြင်ကို ရှင်းလင်းစွာ ကြည့်မမြင်ရ ဖြစ်မယ် ဒါထက်မပို
ဘယ်လောက် အဖိုးတန်တဲ့ သရဖူကြီးဆောင်းထားပါစေ
ဘယ်ရှင်ဘုရင်ကမှ
ပြည်သူ မရှိပဲ မင်းလုပ်မရသလိုပဲ
ဒါကြောင့် ဖေဖေ အကြံပေးချင်တာက
အဆုံးအစမဲ့ ကျယ်ပြန့်တဲ့ လောကကောင်းကင်မှာ
သင့်တင့်တဲ့အမြင့်ကနေ
ဝေးနိုင်သလောက် ဝေးဝေး
ဖြန့်ကျက်ပျံသန်းပါ
ပင်လယ်တွေ တောင်ကုန်းတောင်တန်းတွေ
လွင်ပြန့်တွေ လယ်ကွင်းတွေ
သဲကန္တာရတွေ ဆိုင်းညို့တောအုပ်တွေ
ဖုန်းဆိုးမြေတွေ စားကျက်မြေတွေ
အစုံအလင် မြင်တွေ့ခွင့် ရမယ်
ကျယ်ကျယ်မြင်မှလည်း အမြင်ကျယ်တယ်
သမီးဘဝမှာ
အထီးကျန်တယ်လို့ ခံစားမိတဲ့
အခိုက်အတန့်တွေလည်း ရှိလာနိုင်တယ်
အဲသည်အခါမျိုးမှာ ဒီစကားတွေကို သတိရပါ
အထီးကျန်မှုကို ကုသတဲ့ ဆေးဝါးတွေမှာ
လွတ်လပ်မှုပုံယွင်းခြင်း ဘေးထွက်ဆိုးကျိုး ရှိတယ်
အကြိမ်တိုင်း သုံးစွဲဖို့ မသင့်
အထီးကျန်မှုကိုယ်တိုင်က အထီးကျန်နေတာရှိရဲ့
ရင့်ကျက်တည်ငြိမ်တဲ့
အိန္ဒြေနဲ့. လက်ခံထွေးပိုက်နိုင်ရင်
ဒါကမှ
အမြူတေမြောက်တဲ့ ဆေးတစ်ခွက်ပဲ သမီး
လောက နှစ်မျိုးရှိတယ်
ကိုယ်မရှိလည်း ဖြစ်တဲ့လောက
တစ်နည်း အပြင်လောက
ကိုယ်ရှိမှ ဖြစ်မဲ့လောက
တစ်နည်း အတွင်းလောက
လောကကို
သာမန်မျက်စိနဲ့ ကြည့်တဲ့အခါ
အရာအားလုံးကို
တပြ်ုင်တည့်း ဖိုးကပ်စ် ပြတ်မှာမဟုတ်ဘူး
ကြည်လင်တဲ့ နှလုံးသားနဲ့ ကြည့်တဲ့အခါ
လှိုင်းအလျားဟာ အနီးအဝေးကို ပမာမထားပဲ
အမြဲတမ်း ကိန်းသေ ဖြစ်သွားတော့တာ
သမီးရေ
ချစ်ခြင်း မုန်းခြင်းအကြောင်းကိုလည်း
ဖေဖေ သင်ပေးခဲ့မယ်
အရမ်းချစ်သူကို
မချစ်ဘူးလို့ ပြောထွက်နိုင်တဲ့အထိ
ချစ်ရဲပါစေ
အရမ်းမုန်းသူကို ချစ်တယ်လို့ ပြောထွက်နိုင်တဲ့အထိ
မုန်းရဲပါစေ
ဒီတရားနှစ်ခုဟာ
ဘဝတစ်ကွေ့မှာ
သေချာပေါက် ကြုံဆုံလာရမယ့် အရာတွေ
အများကြီးတော့ မပြောလိုဘူး
ချစ်ခြင်းဖြစ်ဖြစ် မုန်းခြင်းဖြစ်ဖြစ်
ခံစားဖူးတာ ကောင်းတယ်
ရဲရဲ နဲ့ တင်းတင်းသာဆုပ်ကိုင်ပါ
သမီးလက်ကို ကိုက်စပြုရင်
တစ် နှစ် သုံး လေး ငါးအထိရေပြီး
ရဲရဲ လွှတ်ချလိုက်ပါ
လောကသားတစ်ဦးအနေနဲ့
လောကအတွက်
တစ်ခုခု လုပ်ပေးခဲ့ဖူးပါစေ
လူသားအားလုံးဟာ
ဗီဇအားဖြင့်ကိုက
အတ္တမျိုးနွယ်စုဝင်တွေချည်းသာ
အတ္တကို စွန့်ရမယ်ဆိုပြီး
ကြီးကြီးကျယ်ကျယ်တွေ မပြောလို
လုပ်ရမှာက အတ္တကို လှအောင်ထားရင် လုံလောက်တယ်
လက်နိုင်ခြေနိုင်လေးပေါ့
ကမ္ဘာကြီးဆီက အများကြီး လက်ခံရရှိထားတာပဲ
တစ်ခု နှစ်ခု လေး ငါး ဆယ် ခု ပြန်ပေးလိုက်လို့
အကျိုးမဲ့စရာ မရှိပါဘူး
ဖေ့သမီးငယ်
ဖေဖေ့ကို တွယ်ပါ
ဒါပေမယ့် .မမှီပါနဲ့
မှီတွယ်ရာကို ခွန်အားအဖြစ်
မှတ်ယူချင် ယူနိုင်သေးသပ
ဒါပေမယ့်
ခွန်အားဆိုတာ မှီတွယ်ရာလို့တော့
တထစ်ချ မမှတ်ယူမိစေနဲ့
အမှီဆိုတာ အားပျော့သူအတွက် မိတ်ဆွေ ဟုတ်သလို
အားပျော့ကြောင်း ပြယုဂ်လည်း ဟုတ်နေပြန်ရော့
ဖေဖေဟာ သမီးရဲ့အမှီ မဖြစ်လို
အတွယ်သာ ဖြစ်လိုတယ်
ဒါဟာ
သမီးအပေါ်ထားတဲ့
ဖေဖေ့ အချစ်ရဲ့ အနှစ်ပဲ
ချစ်တဲ့ သမီးငယ်
ဒီကဗျာဟာ သမီးအတွက်
နည်းဥပဒေသာ ဖြစ်ပါစေ
စည်းဥပဒေ မဖြစ်ပါစေနဲ့
ခွန်အားသာ ဖြစ်ပါစေ
ဝန်အား မဖြစ်ပါစေနဲ့
လမ်းပြကြယ်သာ ဖြစ်ပါစေ
လမ်းပိတ်ကြယ် မဖြစ်ပါစေနဲ့
အချက်အလက်သာ ဖြစ်ပါစေ
အချုပ်အနှောင် မဖြစ်ပါစေနဲ့ ။ ။
သမီးရဲ့ ဖေဖေ
ချိုကိုဘို
မီးငယ်ရင်သွေး နာဘိသေးလော့
~~~~~~~~~~~~~~~~~~~~
ချစ်တဲ့ သမီးငယ်....
အိပ်မက်က အစစ်နဲ့အယောင်မကွဲဘူး
ဖြစ်ရပ်တွေသာ အစစ်အယောင်ကွဲတာ
ဒါကြောင့် အိပ်မက်ကို ရဲရဲမက်ပါ
သမီးရေ....
လမ်းနဲ့ ခြေလှမ်းမှာ
နှစ်ခုလုံး မှန်နိုင်ရင် အကောင်းဆုံးပေါ့
တခါတလေမှာ
မလွဲမရှောင်သာ
တခုခု အမှားခံဖို့ လိုအပ်လာခဲ့ရင်
ခြေလှမ်းအမှန်ကိုသာ ထိန်းထား
လမ်းမှန်က သမီးခြေထောက်အောက်
အလိုအလျောက် ရောက်လာပါလိမ့်မယ်
အပြုအမူနဲ့ ရလာဒ်ဟာ
နှစ်ခုလုံး အရေးပါတဲ့ အရာတွေ
တခုခုကို အာရုံစိုက်ရမယ်ဆိုရင်
အပြုအမူကို အာရုံစိုက်ပါ
အကြောင်း နဲ့ အကျိုးမှာ
အကြောင်းကသာ ပိုပြီး အခရာ ကျသပေါ့
သမီးငယ်ရေ....
သက်တောင့်သက်သာဖြစ်မှုကို မခုံမင်လေနဲ့
၁၆ပဲရည်ဆိုတာ မြင့်တယ်ထင်ရပေမယ့် ပျော့ဖတ်လွန်းတယ်
သမီးရဲ့လက်မှာ
အသားမာမရှိပဲ ဂီတသံစဥ် လှလှလေးတွေ
သမီးရဲ့ ဂစ်တာက ထုတ်ပေးမှာ မဟုတ်ဘူးကွဲ့
စာအုပ်တွေကို ချစ်ပါ
သီချင်းတွေကို ချစ်ပါ
ဒါတွေက သမီးရဲ့ နှလုံးသွေးကို
နရီကိုက် စီးဆင်းစေမဲ့ အရာ
သမီးလည်း သိတဲ့အတိုင်း
တေးသွားတစ်ခုရဲ့ အသက်ဟာ စည်းချက်
ဘဝဆိုတာကိုလည်း
စည်းချက်နဲ့အညီ စီးဆင်းစေရတယ်
ဒီနေရာမှာ သမီးလိုက်နာရမယ့် စည်းချက်က
သမီးရဲ့ နှလုံးခုန်သံပေါ့
ဒါကြောင့် နှလုံးသားကို နားစွင့်ပါကွယ်
သမီးဘဝမှာ
ကွက်လပ်တွေ အများကြီး ကြုံလာရလိမ့်မယ်
မှတ်ထားပါ
အဲဒီ ကွက်လပ်တိုင်းကို လိုက်ဖြည့်စရာမလို
တချို့ကွက်လပ်တွေက
လပ်သင့်လို့ကို လပ်နေတာ
လပ်နေခြင်းကိုက သူ့ရဲ့အလှ
နေရာလပ်မရှိ ကြယ်တွေနဲ့ ပြွတ်သိပ်နေတဲ့
ကောင်းကင်တစ်ခုကို မြင်ယောင်ကြည့်ပါ
အဖတ်ဆယ် မရအောင် ပျက်စီးသွားမဲ့ ညဖြစ်အင်
တကယ်လို့ တြံဂံပုံ ကွက်လပ်တစ်ခုကို
စက်ဝိုင်းနဲ့ ဖြည့်မိတယ် ဆိုပါစို့
ကွက်လပ်ကို ဖျက်ဆီးသလိုသာ ဖြစ််သွားမှာပေါ့
အရာဝတ္တုတွေကို သေချာစေ့ငုဖို့အတွက်
လိုအပ်လာရင် ဘောင်ကွပ်ပြီး ကြည့်နိုင်တယ်
ဒါပေမယ့် အဲဒီဘောင် အမြဲတမ်း အရှင်သာ ဖြစ်ပါစေ
နို့မိုဆို သမီးကိုယ်တိုင် ပိတ်မိသွားနိုင်တဲ့ အန္တရယ်ရှိတယ်
မိမိဟာ တစုံတရာထဲ ပိတ်မိနေတာ ဆိုးတယ်
လွတ်မြောက်မှုကို ဆုံးရှုံးရတယ်
နောက်တခါ
တစုံတရာက မိမိအထဲ ပိတ်မိနေတာ ပိုဆိုးပြန်ရော့
ချစ်တဲ့ သမီးငယ်
မြင့်နိုင်သလောက် မြင့်မြင့်ပျံဖို့ကို
ဖေဖေ အားမပေးဘူးကွယ်
လေထုပါးမယ်
မြေပြင်ကို ရှင်းလင်းစွာ ကြည့်မမြင်ရ ဖြစ်မယ် ဒါထက်မပို
ဘယ်လောက် အဖိုးတန်တဲ့ သရဖူကြီးဆောင်းထားပါစေ
ဘယ်ရှင်ဘုရင်ကမှ
ပြည်သူ မရှိပဲ မင်းလုပ်မရသလိုပဲ
ဒါကြောင့် ဖေဖေ အကြံပေးချင်တာက
အဆုံးအစမဲ့ ကျယ်ပြန့်တဲ့ လောကကောင်းကင်မှာ
သင့်တင့်တဲ့အမြင့်ကနေ
ဝေးနိုင်သလောက် ဝေးဝေး
ဖြန့်ကျက်ပျံသန်းပါ
ပင်လယ်တွေ တောင်ကုန်းတောင်တန်းတွေ
လွင်ပြန့်တွေ လယ်ကွင်းတွေ
သဲကန္တာရတွေ ဆိုင်းညို့တောအုပ်တွေ
ဖုန်းဆိုးမြေတွေ စားကျက်မြေတွေ
အစုံအလင် မြင်တွေ့ခွင့် ရမယ်
ကျယ်ကျယ်မြင်မှလည်း အမြင်ကျယ်တယ်
သမီးဘဝမှာ
အထီးကျန်တယ်လို့ ခံစားမိတဲ့
အခိုက်အတန့်တွေလည်း ရှိလာနိုင်တယ်
အဲသည်အခါမျိုးမှာ ဒီစကားတွေကို သတိရပါ
အထီးကျန်မှုကို ကုသတဲ့ ဆေးဝါးတွေမှာ
လွတ်လပ်မှုပုံယွင်းခြင်း ဘေးထွက်ဆိုးကျိုး ရှိတယ်
အကြိမ်တိုင်း သုံးစွဲဖို့ မသင့်
အထီးကျန်မှုကိုယ်တိုင်က အထီးကျန်နေတာရှိရဲ့
ရင့်ကျက်တည်ငြိမ်တဲ့
အိန္ဒြေနဲ့. လက်ခံထွေးပိုက်နိုင်ရင်
ဒါကမှ
အမြူတေမြောက်တဲ့ ဆေးတစ်ခွက်ပဲ သမီး
လောက နှစ်မျိုးရှိတယ်
ကိုယ်မရှိလည်း ဖြစ်တဲ့လောက
တစ်နည်း အပြင်လောက
ကိုယ်ရှိမှ ဖြစ်မဲ့လောက
တစ်နည်း အတွင်းလောက
လောကကို
သာမန်မျက်စိနဲ့ ကြည့်တဲ့အခါ
အရာအားလုံးကို
တပြ်ုင်တည့်း ဖိုးကပ်စ် ပြတ်မှာမဟုတ်ဘူး
ကြည်လင်တဲ့ နှလုံးသားနဲ့ ကြည့်တဲ့အခါ
လှိုင်းအလျားဟာ အနီးအဝေးကို ပမာမထားပဲ
အမြဲတမ်း ကိန်းသေ ဖြစ်သွားတော့တာ
သမီးရေ
ချစ်ခြင်း မုန်းခြင်းအကြောင်းကိုလည်း
ဖေဖေ သင်ပေးခဲ့မယ်
အရမ်းချစ်သူကို
မချစ်ဘူးလို့ ပြောထွက်နိုင်တဲ့အထိ
ချစ်ရဲပါစေ
အရမ်းမုန်းသူကို ချစ်တယ်လို့ ပြောထွက်နိုင်တဲ့အထိ
မုန်းရဲပါစေ
ဒီတရားနှစ်ခုဟာ
ဘဝတစ်ကွေ့မှာ
သေချာပေါက် ကြုံဆုံလာရမယ့် အရာတွေ
အများကြီးတော့ မပြောလိုဘူး
ချစ်ခြင်းဖြစ်ဖြစ် မုန်းခြင်းဖြစ်ဖြစ်
ခံစားဖူးတာ ကောင်းတယ်
ရဲရဲ နဲ့ တင်းတင်းသာဆုပ်ကိုင်ပါ
သမီးလက်ကို ကိုက်စပြုရင်
တစ် နှစ် သုံး လေး ငါးအထိရေပြီး
ရဲရဲ လွှတ်ချလိုက်ပါ
လောကသားတစ်ဦးအနေနဲ့
လောကအတွက်
တစ်ခုခု လုပ်ပေးခဲ့ဖူးပါစေ
လူသားအားလုံးဟာ
ဗီဇအားဖြင့်ကိုက
အတ္တမျိုးနွယ်စုဝင်တွေချည်းသာ
အတ္တကို စွန့်ရမယ်ဆိုပြီး
ကြီးကြီးကျယ်ကျယ်တွေ မပြောလို
လုပ်ရမှာက အတ္တကို လှအောင်ထားရင် လုံလောက်တယ်
လက်နိုင်ခြေနိုင်လေးပေါ့
ကမ္ဘာကြီးဆီက အများကြီး လက်ခံရရှိထားတာပဲ
တစ်ခု နှစ်ခု လေး ငါး ဆယ် ခု ပြန်ပေးလိုက်လို့
အကျိုးမဲ့စရာ မရှိပါဘူး
ဖေ့သမီးငယ်
ဖေဖေ့ကို တွယ်ပါ
ဒါပေမယ့် .မမှီပါနဲ့
မှီတွယ်ရာကို ခွန်အားအဖြစ်
မှတ်ယူချင် ယူနိုင်သေးသပ
ဒါပေမယ့်
ခွန်အားဆိုတာ မှီတွယ်ရာလို့တော့
တထစ်ချ မမှတ်ယူမိစေနဲ့
အမှီဆိုတာ အားပျော့သူအတွက် မိတ်ဆွေ ဟုတ်သလို
အားပျော့ကြောင်း ပြယုဂ်လည်း ဟုတ်နေပြန်ရော့
ဖေဖေဟာ သမီးရဲ့အမှီ မဖြစ်လို
အတွယ်သာ ဖြစ်လိုတယ်
ဒါဟာ
သမီးအပေါ်ထားတဲ့
ဖေဖေ့ အချစ်ရဲ့ အနှစ်ပဲ
ချစ်တဲ့ သမီးငယ်
ဒီကဗျာဟာ သမီးအတွက်
နည်းဥပဒေသာ ဖြစ်ပါစေ
စည်းဥပဒေ မဖြစ်ပါစေနဲ့
ခွန်အားသာ ဖြစ်ပါစေ
ဝန်အား မဖြစ်ပါစေနဲ့
လမ်းပြကြယ်သာ ဖြစ်ပါစေ
လမ်းပိတ်ကြယ် မဖြစ်ပါစေနဲ့
အချက်အလက်သာ ဖြစ်ပါစေ
အချုပ်အနှောင် မဖြစ်ပါစေနဲ့ ။ ။
သမီးရဲ့ ဖေဖေ
ချိုကိုဘို
No comments:
Post a Comment